Monday, August 16, 2010
Sunday, August 15, 2010
Thursday, August 5, 2010
ဟူးကောင်း တောင်ကြားလွင်ပြင် ဒေသ ကို ကမ္ဘာ့ အကြီးဆုံး ကျား ဘေးမဲ့ ဒေသ အဖြစ် မြန်မာ က သတ်မှတ်(ဗီဒီယို)
ကချင်ပြည်နယ် အနောက် မြောက်ပိုင်းရှိ ဟူးကောင်း ချိုင့်ဝှမ်းဒေသ ကို ကမ္ဘာ့ အကြီးဆုံး
ရှားပါးကျား ဘေးမဲ့ ဒေသ အဖြစ် မြန်မာ စစ်အစိုးရ က သတ်မှတ် ခဲ့သည် ဟု သတင်းရရှိသည်။ ဟူးကောင်း တောင်ကြား
ဒေသသည် ၂၀၀၄ ခုနှစ်က စတင်ပြီး သဘာဝ တောရိုင်း တိရိစ္ဆာန် များ အတွက် သတ်မှတ် ထားသည့်
နေရာ ဖြစ်သည်။
ယခု ရှားပါး ကျား ဘေးမဲ့ တော နေရာ အဖြစ် သတ်မှတ် ထားသည့် ဒေသသည် ကျားကောင်ရေ ရှစ်ဆယ်
မှ တစ်ရာ ကျော်ထိ ကျန်ရှိ နိုင်သည်ဟု Nation Geographic ရုပ်သံမှထုတ် လွှင့် ပြသသွားသည်။
လေ့လာသူ များ က ထို ဒေသတွင် ကမ္ဘာ ပေါ် ဉ် ပျောက်ကွယ် သွားပြီ ဖြစ်သည့် ရှားပါး ကျား မျိုးစိတ်များ
ပါရှိ နိုင်ကြောင်း သုံးသပ်သည်။
ရှားပါး ကျား ဘေးမဲ့တော အဖြစ် သတ်မှတ် လိုက်သည့် နေရာသည် စတုရန်း မိုင်ပေါင်း ၈၄၀၀ ခန့် ကျယ်
ဝန်းပြီး ကမ္ဘာ့ အကြီးဆုံး ဖြစ်သည်။
သဘာဝ တောရိုင်းတိရစ္ဆာန် ကာကွယ်
စောင့်ရှောက်ရေး အဖွဲ့ကြီးတခုဖြစ်သည့်
နယူးယောက် အခြေစိုက်Panthera and
Wildlife Conservation Society အဖွဲ့
မှ အမှုဆောင် အရာရှိချုပ် ဒေါက်တာ အယ်လန်
ရာဘင်နိုဝစ်ဇ် (Dr. Alan Rabinowitz) က
မြန်မာ စစ်အစိုးရသည် အရေးကြီး သည့်
အချက်များကို နားလည် သဘောပေါက်ပုံ ရကြောင်း
ဒီနေ့ ကို သူစောင့်စားခဲ့ရသည်မှာ နှစ်လတာရှည်
ပြီ ဖြစ်ကြောင်း နှင့်ယခု လုပ်ရပ်သည် သဘာဝ
ပတ်ဝန်း ကျင်ထိန်းသိမ်း ရေးအတွက် လည်း
အရေးပါလှ ကြောင်း ပြောသည်။
ဟူးကောင်းတောင်ကြားဒေသဉ် ငှက်မျိုးစိတ် ၃၇၀ ခန့် ရှိကာ
ထို အထဲ တွင် ပျောက်ကွယ်လု မတတ်ဖြစ်နေသည့် Rufous-necked Hornbill ဆို သည့် ဒီးဒုတ် ငှက်မျိုးရင်း ၀င် ငှက်များ လည်း ပါဝင်သည်။
ကမ္ဘာ ပေါ်ဉ် တိရိစ္ဆာန် မျိုးစိတ် ပေါင်း ၁၃၀,၅၀၀ ခန့် ရှိကာ ထို အထဲ မှာ ၇၀၀၀ ခန့် ကို ဟူးကောင်းချိုင့်ဝှမ်း
ဉ် တွေ့ နိုင်သည် ။
ဒုတိယကမ္ဘာ စစ်အတွင်းက အမေရိကန် ကြည်းတပ် က တရုတ် အစိုးရ အား ထောက်ပံ့ရေး ပစ္စည်းများ ပို့ ခဲ့ရာ
နာမည် ကျော် လီဒို လမ်းမကြီးသည် ဟူးကောင်း ချိုင့် ၀ှမ်းဒေသ ကို ဖြတ်၍ ဖောက် လုပ်ထားခြင်း ဖြစ်သည်။

Subscribe to:
Comments (Atom)